ဖြေ ၊၊ ၊၊ ကဗျာဟာ အပျိုစင်ပါ ၊၊
မေး ၊၊ ၊၊ ဘာဖြစ်လို့များလဲ?
ဖြေ ၊၊ ၊၊ ခက်ခဲတယ် ၊၊ ၊၊ စိတ်ရှည်ရတယ် ၊၊ ၊၊ ကရိကထ များတယ် ၊၊ ၊၊
အန္တရာယ်လည်း ကြီးပါတယ် ၊၊ ၊၊
သူဟာ အားလပ်ရင် အားလပ်သလို ကဗျာတွေနဲ့ ချိန်းတွေ့တယ် ၊၊
ညအိပ်တယ် ၊၊ တစ်ခါတစ်လေ ညလုံးပေါက် စကားတွေထိုင်ပြောတယ် ၊၊
အရည်အသွေးမကောင်းတဲ့ ရုပ်ရှင်ကားတွေ ထိုင်ကြည့်တယ် ၊၊
မနက်ဆိုရင်တော့ မုန့်ဖိုးပဲဖိုးလေးပေးပြီး ပြန်လွှတ်လိုက်တာပဲ ၊၊
သူ့ကို ကဗျာတစ်ခုခုနဲ့ လက်ထပ်ပြီးတော့ အတည်တကျမနေချင်သေးဘူးလား
မေးကြည့်ကြည့် ၊၊
‘ကဗျာ နဲ့ လက်ထပ်ဖို့အထိ အတည်ပေါက်ကြီး
မိုက်ရူးရဲ ဆုံးဖြတ်ချက်ချလိုက်တာ ကဗျာဆရာ[ဒူဟူဟူ] တစ်ယောက်ပဲ
လောလောဆယ်အထိ သူကြားဖူးသေးတယ်’ တို့
‘ကဗျာမှာ အာရုံခံအဖုအထစ်သေးသေးလေးတွေ
အများကြီး ၊ အများကြီး ပါတယ် ၊၊ လျှာလိုပဲ ၊၊
အဲ့ဒါဟာ ဖတ်သူရဲ့ ဦးနှောက်က အာရုံခံအကြောမျှင်လေးတွေကို
လျက်နေတော့တာပဲ ၊၊ လျှာလိုပဲ’ တို့
သူ လျှောက်ပြောလေ့ရှိတယ် ၊၊ ဒါပေမယ့်သူဟာ
ကြုံရင်ကြုံသလို ကဗျာတွေနဲ့ ချိန်းတွေ့တယ် ၊၊ နောက်ဆုံး
လစ်ရင်လစ်သလို ကဗျာတွေနဲ့ ချိန်းတွေ့တဲ့အထိဖြစ်လာတယ် ၊၊
ဆိုပြီး ၊၊
ကဗျာလောက[ဆိုလား] ရဲ့ ဟိုးအောက်ခြေအထိ ပျံ့နှံ့သွားခဲ့တယ် ၊၊
သို့သော် ၊၊
ဟေး! မြန်မြန်ရယ်မောကြ ၊၊
ဒါဟာ ငါ အန္တရာယ်ကို ခွစီးပြီး ကမောက်ကမ ဖြစ်နေပုံလေ ၊၊
လက်ခုပ်တီးပြီး အားပေးသူတွေအတွက် လက်ခုပ်သံလေး
ကြားရမလား မသိဘူး ၊၊ ( ချောက် ချောက် ချောက် )
မနေ့ကစပြီးမှ ငါဟာ
အလင်းရောင်တွေကို သက်ဝင်ယုံကြည်လာတယ် ၊၊ (အဆက်မပြတ်)
တီဗွီအကြီးကြီးတွေနဲ့ ဂေါ့ဖ်ပွဲတွေပြသပြီး
ဂေါ့ဖ်ရိုက်ဖို့ စည်းရုံးနေကြတယ် ၊၊
ငါဟာ အိပ်ငိုက်လျက် ၊၊ (မှတ်ချက် ၊၊ ၊၊ ဟလို.. အိပ်ငိုက်ခြင်းဆီမှာ
ပျော်စရာတွေရှိနေတယ် ၊၊ လေ့လာကြည့်ပါလား)
အို! သံမဏိမီးခိုးငွေ့ ၊၊ အို! ပြဿဒါးဟောလီးဒေး ၊၊
အို! ဘက်တီးရီးယားထောင်ချောက် ၊၊ အို! ကလေးဖင်နှင့်မိန်းမအိုအိုကြီး ၊၊
အို! ချစ်သော အို ၊၊ အိုး! ရှစ်ထ် ၊၊ တကယ်မှတ်လို့ နားထောင်နေတာ
အဲ့ဒါ အို သွေးတွေ ၊၊
ဘာပဲဖြစ်ဖြစ် ငါဟာ အိုသွေးပိုင်ရှင်တွေကို
သာမန်ထက်ပိုပြီး ချစ်မြတ်နိုးခဲ့ရတယ် ၊၊ ( ၊၊ အဲ့ဒီအတွက် )
သူမ ဟာ အိုသွေး ပိုင်ရှင်ပေါ့ ၊၊ (ဒါဆို)
ပြီးတော့.. ပြီးပါပြီတွေဘာတွေ စာတန်းထိုးတယ် ၊၊ ရုံထဲမှာ
ထိုင်နေတာ ၊၊ ငါတစ်ယောက်ထဲ ထွက်လာတော့လည်း ၊၊ ရုံထဲက
၊၊ ရှိရင်းစွဲထက်ပိုမိုလေးလံ တဲ့ ဟာသအကြီးကြီး(ကဲတယ်)တွေ
၊၊ ဘယ်သူ့ကိုမှ အသံမပြုတဲ့ သီချင်းလေးလေးပင်ပင်ကြီး(ဒါလည်းကဲ)တွေ
၊၊ အမှောင်ကမ္ဘာမှ ကြိုဆိုပါတယ် မစ္စတာမျက်မမြင်ဆိုတဲ့ ဆိုင်းဘုတ်တွေ
ဘာတွေ ရှိချင်ရှိနေမှာပေါ့ ၊၊ နေရာအနှံ့မှာ ၊၊
(နေရာအနှံ့မှာ) ငါဟာ အိပ်ငိုက်လျက် လိုက်ပါလာပြီး
ဘယ်အရာကို အဓိကထားမှန်းမသိတဲ့ အစွဲတွေ ငါဟာ စွဲနေတယ် ၊၊
အလင်းရောင်ကို မယုံကြည်ချင်တော့လို့ ငါဟာ အပြစ်အနာအဆာ
လိုက်ရှာတယ် ၊၊ ( ဒါများ! ရှာလိုက်တာမဟုတ်ဘူး )
ဖြေ ၊၊ အဲ့ဒီမှာ ကျနော်လည်း ဖုန်းခွက်ကြီးကိုင်ပြီး ဘာပြောချင်လို့
ဘာပြောချင်မှန်း မသိဘူး ဖြစ်နေတုန်းမှာပေါ့ …. ၊၊ ၊၊
အို! အဲ့ဒါဟာ တယ်လီဖုန်း စကားပြောခွက်ထဲက
စီး စီးကျလာတဲ့ အိုသွေးတွေ မဟုတ်လား ၊၊
ဒါဖြင့် ၊၊
တစ်နေ့ကပဲ ခိုအစိမ်းရောင်လေးတစ်ကောင် တွေ့ဖူးလိုက်သေးတယ် ၊၊
သူဟာ အပေါ်ပျံလိုက် အောက်ပျံလိုက်လုပ်တယ် ၊၊ ညောင်းတဲ့အခါ
တယ်လီဖုန်းကြိုးတန်းတွေအပေါ်မှာ နားတယ် ၊၊ ဒါဖြင့် ၊၊
သူ့ သွေးတွေပေါ့ ၊၊ အိုသွေး မဟုတ်ဘူး ခိုသွေးတွေ ၊၊
ဒါဖြင့် ဒါဖြင့် ဒါဖြင့် ဒါဖြင့် ဒါဖြင့် ဒါဖြင့် ဒါဖြင့်
အိုသွေး ပိုင်ရှင်ဟာ သူမ ပေါ့ ၊၊
ခုနကပြီးပါပြီဆိုတာကို နောက်တစ်ခါ မယုံကြည်ချင်တာနဲ့
နောက်တစ်ခါ ထ ထွက်လာလိုက်တယ် ၊၊ ရုံထဲက
အဲ့ဒီအခါ ဂေါ့ဖ်ရိုက်သူများဟာ ဂေါ့ဖ်ရိုက်ကြဆဲ ၊၊
အဲ့ဒီအခါ အိပ်ငိုက်သူများဟာ အိပ်ငိုက်ကြဆဲ ၊၊
ငါ ဟာ အိပ် ငိုက် ဆဲ ၊၊
ပျော် လား ( ဒါ မှ မ ဟုတ် ) ဘာ လဲ ? ၊၊ ၊၊
မေး ၊၊ ၊၊ ဘာဖြစ်လို့ ကဗျာအကြောင်းမေးတဲ့အခါ
အိပ်ငိုက်လိုက် ၊ စကားတွေ လျှောက်လွှဲလိုက်
လုပ်လုပ်နေရတာလဲ? ၊၊
ဖြေ ၊၊ ၊၊ အိုသွေးတွေကြောင့်ပါ ၊၊
မေး ၊၊ ဘာဖြစ်လို့များလဲ? ၊၊
သို့သော် ၊၊
သူဟာ ကဗျာတွေနဲ့ မတွေ့ပဲ မနေနိုင်ခဲ့ဘူး ၊၊
များ သော အား ဖြင့် တွေနဲ့ပေါ့ ၊၊ ၊၊ ၊၊၊ ၊၊၊၊ ၊၊၊၊၊၊
ဇာတိ
2010
ညွှန်း ၊၊ ၊၊ ကဗျာဆရာ လင်းနီညို ၏ ‘မင်းလိုလူစားအများကြီးဟေ့’ အား မိမိသဘောဖြင့် မိမိ ပြန်ရေးပါသည်၊၊ ၊၊
No comments:
Post a Comment