Thursday, July 2, 2015

ငါ့ ဇာတ်​​ကောင်​ကို ဘယ်​သူသတ်​သွားလဲ ၉



သွေးကင်​ဆာဖြစ်​ပြီး ​သေသွားတယ်​ ။ 
သေဒဏ်​​ပေးခံရပြီး ​​သေသွားတယ်​ ။
လက်​​ကောက်​ဝ​တ်ကိုဓားနဲ့ လှီးပြီး ​သေ သွားတယ်​ ။ ​​ရေနစ်​​နေတဲ့​​ခွေး​​လေးကို​ကယ်ရင်း​​ရေနစ်ေ​သသွားတယ်​ ။
ကိုယ့်​ကိုယ်​ကိုသတ်​​သေသွားတယ်​  ။
ကားတိုက်​ခံရပြီးသေသွားတယ်​ ။
တက်​ ​သေသွားတယ်​ ။
မီး​လောင်​ခံရပြီး သေသွားတယ်​ ။ 
အစားမှားပြီး သေသွားတယ်​ ။
အဆိပ်​​သောက်​ ​သေသွားတယ်​ ။
ကြိုးဆွဲချပြီး သေသွားတယ်​ ။ 
သ​ဘောင်္​မှောက်​ သေသွားတယ်​ ။
အ​ရေးခင်းမှာ​သေနတ်​မှန်​ပြီး ​သေသွားတယ်​ ။
ခြေလွန်​လက်​လွန်​ဖြစ်​ပြီး ​သေသွားတယ်​ ။
ချောင်းရိုက်​ခံရပြီး ​သေသွားတယ်​ ။
မီး​လောင်​ပြီး ​သေသွားတယ်​ ။ 
AIDS ဖြစ်​ပြီး သေသွားတယ်​ ။
ငလျင်​ထဲပါပြီး  ​သေသွားတယ်​ ။ 
စားပိုးနင့်​ပြီး သေသွားတယ်​ ။
ဓာတ်​လိုက်​ပြီး သေသွားတယ်​ ။
ကား​မှောက်​ပြီး ​သေသွားတယ်​ ။
Overdose ဖြစ်​ပြီး ​သေသွားတယ်​ ။ 
တိုက်​​ပေါ်က ခုန်​ချပြီး သေသွားတယ်​ ။ 
လေယာဉ်​ပျက်​ကျပြီး သေသွားတယ်​ ။
မုဒိန်းကျင့်​ခံရပြီး ​သေသွားတယ်​ ။
မြွေကိုက်​ခံရပြီး ​သေသွားတယ်​ ။ 
ဆင်​နင်းလို့ သေသွားတယ်​ ။ 
ကျားဆွဲခံရလို့ သေသွားတယ်​ ။
အရက်​အလွန်​အကျွံ​သောက်​ပြီး ​သေသွားတယ်​ ။
လုပ်​ကြံခံရပြီး ​သေသွားတယ်​ ။
အောက်​စီဂျင်​ မရလို့ သေသွားတယ်​ ။
စိတ်​ဓာတ်​ကျပြီး ​သေသွားတယ်​ ။
လူပိပြီး သေသွားတယ်​ ။ 
အ​မောဆို့ပြီး သေသွားတယ်​ ။ 
မိုးကြိုးပစ်​ခံထိပြီး သေသွားတယ်​ ။
ကိုယ်​ဝန်​ပျက်​ကျပြီး ​သေသွားတယ်​ ။ 
အ​ကြောက်​လွန်​ပြီး သေသွားတယ်​ ။ 
တိုင်းပြည်​တာဝန်​ ထမ်း​ဆောင်​ရင်း သေသွားတယ်​ ။
စိတ်​​ဖောက်​ပြန်​ပြီး သတ်​လိုက်​လို့ သေသွားတယ်​ ။
ထောင်​ထဲမှာ ​သေသွားတယ်​ ။
အောက်​ပိုင်း သေသွားတယ်​ ။
ခေါက်​ခနဲ ​သေသွားတယ်​ ။ ​    
မီးတွင်းထဲမှာပဲ သေသွားတယ်​ ။ 
ဆေးမကုနိုင်​လို့သေသွားတယ်​ ။
ရောင်​စုံ​ပန်းက​လေး​တွေ သေသွားတယ်​ ။ 
နိုင်​ငံတကာမှာ သေသွားတယ်​ ။ 
နိုင်​ငံခြား က ပြန်​လာပြီး သေသွားတယ်​ ။ 
ဒီအ​ကြောင်း​ရေမှာ​သေသွားတယ်​။
ခုနက စာသားမှာ သေသွားတယ်​ ။ 
ခုထိကို သေသွားတယ်​ ။ 
ဘလိုင်းကြီး သေသွားတယ်​ ။
ဒုတိယ ကဗျာစာအုပ်​ကို ​ရေးသား​နေစဉ်​မှာ သေသွားတယ်​ ။

ငါ ​တွေး​နေတယ်
နောက်​ဘဝ​တွေအများကြီးပဲ
 မှာ ထပ်​​သေသွားတယ်​ ။

ဇာတိ
၂ဝ၁၅
ဂျူလိုင်

No comments:

Post a Comment