မျက်လုံး ဖွင့်မိမိချင်းဒါဟာ အိပ်မက်ပဲလို့ ကျွန်မယုံနေမိတယ်ပြီးတော့ကျွန်မ တစ်ခုခုကို ၀မ်းနည်းနေတယ်ဒါမှမဟုတ် တစ်ခုခုက ကျွန်မကို ၀မ်းနည်းနေစေတာအဝေးကအရာများဟာ ကျွန်မနဲ့ဝေးရာကပို၍ဝေးရာဆီထွက်သွားကြတယ်လို့ တစ်ခုခုဟာ(သက်တံ့ဟာ ညကြီးမင်းကြီးလည်း အဝေးမှာလှနေတယ်လို့ နည်းတူ) ကျွန်မ ယုံမိလာအောင် တိုက်တွန်းနေတယ်အဲဒီတတောက်လျှောက်လုံး လှလာတဲ့လရောင်ဟာ ကျွန်မဆီအရောက်မှာမှ မှောင်သွားတယ်ဆိုပြီး တစ်ခုခုဟာ ကျွန်မကို ခံစားစေတယ်တစ်ခုခုဆီက လွင့်လာတဲ့အသံဟာအက်ကွဲနေပြီးတော့အဲဒါဟာလည်း ကျွန်မနားထဲမှာမှပိုမို အက်ကွဲသွားတဲ့အခါကျွန်မ တစ်ခုခုကို ပိုမိုဝမ်းနည်းစေတယ်ဒါပေမဲ့ မျက်လုံးဖွင့်မိမိချင်းမှာ ဒါဟာ အိပ်မက်ပါပဲလို့ ကျွန်မ ယုံကိုယုံနေတာ မပန်ဖြစ်တော့သော နှင်းဆီများ လွတ်မြောက်ပါစေ ဒါမှမဟုတ် ထိုဆံနွယ်များ လွတ်မြောက်ပါစေ ဆိုပြီး တဆက်တည်းမှာ ဘုရားတစ်ခုခုဆီ ကျွန်မ ဆုတောင်းနေမိတယ် ပြီးတော့ ကျွန်မ မကြားဝံ့မနာသာ ၀မ်းနည်းနေတာ သေချာတယ် အဲဒီနောက်ပိုင်းတွေမှာ မြက်ခင်းတွေ ပြာလွင်နေတာကိုလည်း တစ်ဖက်သက် ကျွန်မ ယုံနေမိတယ် ဒါပေမဲ့လည်း အဲဒီ နောက်ထပ် နောက်ပိုင်းတွေမှာ ကျွန်မ ငေးကြည့်နေတဲ့ မြက်ခင်းအပြာပေါ်က လရောင်ဟာ Projector ထဲက ထွက်ကျလာနေပြီး မိန်းကလေးတစ်ယောက် အဲဒီမြက်ခင်းပြာလွင်တွေဆီကနေ ကျောခိုင်းထွက်ပြေးသွားတဲ့အခါ ကျွန်မ အဲဒီမိန်းကလေးရဲ့ နာမည်ကို အလိုလို သိနေပြီး အလိုလို တုံ့ပြန်အော်ခေါ်နေမိတဲ့ အခါမှာ ကျွန်မ ထပ်ဝမ်းနည်းရတော့တာပဲ ပြီးတော့ မျက်လုံးဖွင့်မိမိချင်းပဲ ဒါဟာအိပ်မက်တစ်ခုပဲလို့ ယုံလိုက်မိတော့တယ် ရင်ထဲက တစ်ယောက်ယောက်ဟာ ဆယ်စက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့ ကျွန်မရင်ထဲက ထွက်သွားတယ်လို့ ဆယ်စက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့ ကျွန်မ ခံစားနေရတယ် ဆယ့်ငါးစက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့ ကျွန်မ အော်ခေါ်တယ် စက္ကန့်နှစ်ဆယ်ကို တစ်ကြိမ်နှုန်းနဲ့ ကျွန်မ တိတ်ဆိတ်တယ် နှစ်ဆယ့်ငါးစက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့ ကျွန်မ ၀မ်းနည်းနေတယ် တစ်ယောက်ယောက် တံခါးလာခေါက်အောင် အဲဒီတံခါးကို ကျွန်မ ပိတ်ထားတာ စက္ကန့်သုံးဆယ်ကို တစ်ကြိမ်နှုန်းနဲ့ စက္ကန့်သုံးဆယ်ကို ကျွန်မ မယုံဘူး တကယ်တော့ မျက်လုံးဖွင့်မိမိချင်း ဒါဟာ အိပ်မက်ပဲဆိုတဲ့ သံသယဟာ ပိုခိုင်မာလာတယ် နှင်းဆီတွေရှိတုန်းက နှင်းဆီတွေရဲ့ နံရံမှာ သွေးတွေရှိတုန်းက သွေးတွေနဲ့ ရေးခဲ့ဖူးတယ် ရှင်ရှိတုန်းက ကျွန်မ နေကောင်းခဲ့ဖူးတယ် လို့ ရေရွတ်မိတော့ ကျွန်မ ဖျားနေမှန်းသိလာတယ်လူနာ - ကျွန်မ ဖျားနေတာ သေချာလားဆရာဝန် - ခင်ဗျား ဘယ်တုန်းကမှ ဆေးမှန်မှန်မသောက်ဘူး ခင်ဗျားလက်တွေ့ဘ၀ကို
အိပ်မက်လို့ ထင်ထင်နေတာရယ်၊ ခင်ဗျားဟာ ယောက်ျားတစ်ယောက်ဖြစ်ပြီး၊
ခင်ဗျားကိုယ်ခင်ဗျား ခင်ဗျားနဲ့ပြတ်စဲပြီး အိမ်ထောင်ပြု ပြီး ပြည်ပမှာအခြေချသွားတဲ့
ခင်ဗျားချစ်သူအမျိုးသမီးလို့ ထင်ထင်နေတာရယ်ကို မေ့ထားပြီး
ဆေးမှန်မှန်သောက်ရင် ခင်ဗျား အိမ်ပြန်ရမှာပါ။ ကျွန်မ ၀မ်းနည်းနေတုန်းပဲ တစ်နေ့နေ့ မဖြစ်မနေ အိမ်တစ်လုံးဝယ်ဖြစ်အောင်ဝယ်မယ် တစ်နေ့နေ့ မဖြစ်မနေ Home Sweet Home လို့ နာမည်ပေးဖြစ်အောင်ပေးမယ် တစ်နေ့နေ့ မဖြစ်မနေ အိမ်ပြန်ဖြစ်အောင်ပြန်မယ် မျက်လုံးဖွင့်မိမိချင်းပဲ အိပ်မက်ရေ..။ ။
ဇာတိ
၂ဝ၁၄
No comments:
Post a Comment