Wednesday, November 25, 2015

က​ဗျာပြားပြီ



သဇင်က သူပွင့်နေပြီလို့ ပြောတယ်
ကိုယ်တိုင် မမြင်ရတာတွေကို
ကိုယ်တိုင် လိုက်ယုံဖို့ လွယ်ပါ့မလား
ကြာတော့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ကြီးဟာ
တန်ပြန်သက်ရောက်ဖို့ ပျင်းလာပြီလို့
(မပျင်းတဲ့) ချော်တောဟာ ဝင်ဝင်အငေါ့ ၊၊
လိုင်းကို လိုင်းမှန်း မသိခင်အထိ ငွေတွေပုံအောပြီး လေ့လာခဲ့သူ ဆရာကြီး
သူ့ဆီက ဓမ္မဓိဋ္ဌာန်ကျကျ ဆွဲနှုတ်လိုက်တဲ့ အမွှေးအမျှင်တွေ
ကျလာတဲ့ အဝါတွေ ဆွဲဆန့်ချင် စရာကြီး
ဒါကြောင့်လည်း နေပေါ့
တစ်နေ့မှာ တစ်ကမ္ဘာပတ်ခဲ့တာပဲ
Jolene ဟာ ဖအေအရင်းနဲ့ဖောက်ပြန်ခဲ့တယ်
အခြား Jolene ကပြောတယ် ၊၊ ကျွန်မတို့ သားအမိနှစ်ယောက်လုံးမှာ အဖေခေါ်စရာမရှိပါဘူး တဲ့ ၊၊
ဒုတိယကမ္ဘာစစ်ကြီးမှာ တစ်စွန်းတစ်စ မြင်ခဲ့ရတဲ့ စစ်ရဲ့အလှတရား…
Honey, လူယုတ်မာ လို့ အခေါ်ခံဖို့ ယူ့ကို ကိုယ်လိုက်ရှာနေတယ် ၊၊
သမိုင်းဆိုင်ရာ ငြီးတွားမှုတွေနဲ့စပြီး
မျက်မှောက်မှာ ခွက်ပျောက်မှာ ကြောက်နေသ၍
အရည်ပျော်ပီး လည်ချောင်းထဲစီးကျလာတာတွေကို မျိုချနေရဦးမှာဘဲ
ဂလုစ် ဂလုစ်
ကျွန်မတို့ အပေါ်မှာ တစ်သက်လုံး ပြုလုပ်နေသော အရာကို ဘာသာစကား လို့ ခေါ်လားဟင် (ဂလုစ်)
အရာအားလုံး လေးနက်စေရန်ကျွန်တော်တို့ ဝင်ပြီးတာနဲ့ ပြန်လည်ထွက်ခွာလိုက်ကြသည် တဲ့ ၊၊
နောက်ထပ် Jolene ဟာ အရက်ပြတ်သွားပြီ ၊၊ သို့သော် အီးစီးကရက်တော့ သောက်တတ်လာတယ် ၊၊
ကိုယ်ချင်းစာတရားဆီမှာ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ရှိတယ် ၊၊ အင်တာနက်မှာလည်းတင်တယ် ၊၊
လူကြိုက်လည်းများခဲ့တယ် ၊၊
ဒါပေမယ့် သူအခု ဒီမှာမနေတော့ဘူး ၊၊ လို့ ရေဒီယိုတွေမှာ လွှင့်ခဲ့တယ် ၊၊
ဖဲဗျွာရီ ၁၄ရက်နေ့ကို ဟိုတယ်နှင့် တည်းခိုခန်းများနေ့အဖြစ် ပြောင်းလဲသတ်မှတ်အပြီး
မနှစ်ကတည်းက သူ ဆိုင်ကယ်ပေါ်တက်သွားတာ ခုထိ ပြန်မဆင်းလာတော့ဘူး ၊၊
သူ့စိတ်ထဲ တိုက်နေသော ဟာရီကိန်းကို ခင်ဗျားအိမ်ကို ထမင်းစား ဖိတ်ဦးမလား ၊၊
ခုတော့ ကုလားမခြေထောက်ကြီးဟာ ဒေါက်ဖိနပ်တွေ ၊ အောစတားတွေ ထည်လဲစီးနေခဲ့ပါပြီ ၊၊
ပက်စီ ၊ ကိုကာကိုလာ ၊ ဟမ်ဘာဂါ ၊ အိုင်မစ်စ်ယူ ၊ စီးယူအဂိမ်း နဲ့ ဗိုလ်ဆန်မှုတွေအပေါ် ကို
ငါးပိရည်နဲ့ သင်္ကြန်ကျပစ်မယ်ဆိုတဲ့ မစ္စတာမျိုးချစ်ကြီး (မင်္ဂလာဦးညမှာ နိုင်ငံခြားကားတွေအတိုင်းအိပ်ခဲ့တယ်၊၊)
ကုတင်အောက်ကို အရမ်း ကြည့်ချင်နေမိတာ အငုံ့စိတ်တဲ့လားကွယ် ? ၊ ?
အမေ မသေခင် အဖေ လည်ပင်းညှစ်ခဲ့တဲ့အကြောင်း
တစ်ယောက်ယောက်ကို ပြောပြလိုက်ဖို့ မလိုပါ ၊၊
သေတယ်ဆိုတာ စိတ်ရှည် ကိုယ်ရှည် လုပ်လို့ ရတဲ့ ကိစ္စပဲ
ဒါဟာ တစ်နှစ်တာလုံးအတွက် အကောင်းဆုံး ဖင်[Film] ၊၊
ခင်ဗျားတို့ မြို့မှာ မပြည့်တဲ့ အိုးတွေဟာ လေဟာနယ်ပေါ် တက်တက် လျှံကျ မှု ၊၊ ဟာ
နဖူးကချွေးဆိုပြီး စွပ်စွဲခံရလို ခံရ ၊၊
စောက်ဖောင်းကြီးဟာ ဂရုဏာဒေါသော ပါလို့ အငြင်းခံရလို ခံ ရ ၊၊
ဝါးတီးတွေဟာ တို့များရဲ့ ချစ်ခင်မှုအပေါ် လာလာအနှောင့်အယှက်ပေးခံ ရ လို ခံရ ၊၊
ဝက်သားတုတ်ထိုး ၊ စမိုင်နဲ့  မလိုင်မုန့်တွေဟာ ဘာသာရေးခွဲခြားခံ ရလို ခံ ရ ၊၊
ဂါဝန်ထဲဝင်ပုန်းနေတဲ့ မုန်တိုင်းအသေတစ်လုံးကို ဝုန်းကနဲ အသက်သွင်းလိုက်မိတာကို လေထုညစ်ညမ်းစေတယ်လို့ အပြစ်တင်လို ခံရ ၊၊
နဲ့မို့ ကျွန်မ မခံတော့ဘူး ၊၊ (ကျွန်မနာမည် ဘတ္တာရီ)
(သိပ်ကို တုန်လှုပ်သွားပါသလား (မျက်နှာဖုံးရှင် (တင်ပါးများ)) ) ၊၊
ပုံသဏ္ဍာန်အားဖြင့် ရှုပ်ထွေးနေတဲ့ သူ့ အမွှေးတွေကို
အကြောင်း အရာအားဖြင့် တစုတစည်းတည်း မြင်အောင် ကြည့်ပလိုက်တယ် ၊၊
အမြင်ဆိုင်ရာအားဖြင့် စေ့ဆော်ချင်တဲ့စိတ်ကလေးဟာ
ချောတိုင်ထိပ်ဖျားမှာ တဖျပ်ဖျပ်လူးလွန့်လို့
ပြာတွေကို သိပ်လွမ်းတာပဲ အီးစီးကရက်ရယ် (Jolene)
ကျွန်မရင်ထဲမှာ စာသားကလေးတွေ ရှိတယ်  ၊ အဲ့ဒါဟာ ရှင်မဟုတ်ဘူး
မင်းဟာ အိပ်မက်တစ်ခုပဲဆိုပြီး ကျွန်မအပေါ် လာလွင့်မျောမနေပါနဲ့ (အဲ့ဒါရှင်)
( အဆက်အစပ် မရှိခြင်းဟာ ပြန်လာခဲ့ပြီ) (ဘာပဲဖြစ်ဖြစ်)
အချစ်သီချင်းတွေဟာ Big တွေထက် Big တဲ့ စမောလ်ကလေးနဲ့ တွေ့ဖို့ထွက်သွားခဲ့ပြီ ၊၊ (ဘော့စနီးယားကို)
(ဘာပဲဖြစ်ဖြစ် အဆက်အစပ်မရှိခြင်းဟာ လာမယ် ၊ ကြာမယ် ၊၊)
စပယ်ယာမပါပဲ ၉၆ဘတ်စ်ပေါ် လိုက်ပါစီးနင်းသွားတဲ့ ညီမလေးတစ်ယောက်
အတွက် အားနေတဲ့ လက်တွေနဲ့
သာယာဆွတ်ပျံ့ တဲ့ညချမ်းကလေးမို့ ငါ နှပ်ချေးကလော်နေတယ်ကွယ် ၊၊
မြေမြုပ်မိုင်းတွေဟာ ငါ့ခြေထောက်ကို ဆာနေတယ် ဆိုတဲ့ အချစ်သီချင်းပျံ့ပျံ့သင်းသင်းကလေးနဲ့မို့
ငါ နှပ်ချေးကလော်နေပါတယ် ကွယ့် ။
( အဆက်အစပ် မရှိခြင်းကို `ငါ့ကိုဟိုရောက်ရင်အရူးမကြီးလို့မခေါ်နဲ့ ၊၊ မခေါ်ဘူး´ ဆိုပြီးကတိပေးခဲ့ပေမယ့် ခင်ဗျားတို့ ခေါ်ခဲ့၊၊ )
ရှင်ရယ်… လို့ ပြောလိုက်လို့ ရပေမယ့် မရယ်ရတဲ့ ကိစ္စတွေ နဲ့ ကျွန်မ နဲ့
အမာလုံးပြီ ဆိုတာ အမာလုံးတာကို ပြောတာပါ အမာဆရာ ဆိုတဲ့ ကဗျာသည်လည်း…

(သိုးထိန်း + ဇာတိ) အန္တိမ

Monday, October 5, 2015

သူ့ ည တ တဲ့ ​လောက



အလင်းထက် မြန် တဲ့
အမြစ်တွေနောက်
သစ်အိုပင်ဟာ မလိုက်နိုင်တော့
ဘူး။

လက်ညှိုးကို အနောက်လှန်ပြီး
ချိုးချလိုက်ပြီး၊
ဓါးနဲ့  ခုတ်ဖြတ်လိုက်တော့၊
ရောင်စုံ ဓါတ်ငွေ့တိမ်တိုက်
ထဲက
ဖန်ဆင်းရှင် ကို တွေ့လိုက်ရ တယ်တဲ့။
ကွန်ပျူတာ ပရိုဆက်ဆာ ဟာ  ဘ၀ အဓိပ္ပာယ် နောက် လိုက်ရင်း
ဥာဏ်မရှိတဲ့ ခပ်ထုံထုံ သမင်ကြီး တစ်ကောင်ဖြစ်သွားတယ်။

ဒါပေမယ့် ပြတ် သွားတဲ့ လက်ညှိုးကိုတော့
ဘယ်သူမှ ပြန်မဖန်ဆင်း
ပေးကြတော့ဘူး။

ဟောဟိုမှာ . . .
ခင်ဗျားလိုချင်ရင်
ရနိုင်မယ့်
ပျူခေတ်မတိုင်ခင်က
ဆပ်ပြာပူဖောင်းတွေ နဲ့
ဘာမှ မရေးထားတဲ့ စာအုပ်တွေ။

နို့မှုန့်ဘူး တွေရဲ့ အရောင်ပြင်းအားဟာ
သိပ္ပံ ပညာရဲ့ ဟာကွက်။


ငါ့ ရေဒါမှာ
လင်းနို့တွေပဲ အမြဲ တွေ့နေရတယ်။
မီးတောက်ဟာ ဘာကို လောင်ကျွမ်းပြီး၊
ဘာကို မလောင်ကျွမ်းဘူးလို့ ဘယ်လို ဆုံးဖြတ်သလဲ။
သူပြုံး လိုက်တိုင်း မီးတောက်ဟာ
အရည်ပျော်ပြီး၊ လျှပ်စစ်ဓါတ်ဟာ
အမွှေးအမျှင်တွေဖြစ်သွားတယ် ဆို
သိပ်များ ပေါသွားမလား ။

ခွေးဟောင်တော့၊
တောင် တကယ်ရွေ့သွား တဲ့
ခေတ်တစ်ခေတ် ငါတို့ ကြုံ ခဲ့ဖူးတယ်လေ ဆို
သိပ်များ ပေါသွားမလား ။

တစ်နေရာက
အကောင်းပတိ
မြေကြီးကိုဖောက်ထွင်း၊ နှစ်တွေကြာတော့၊
 မြေကြီးတွေ ပြန်ပြည့်၊
ငါဟာလည်း ရေတွင်းပျက် ထဲက
လူမသုံးတော့တဲ့ ရေ။

လူသားကြောင့် ဆေးဝါးဟာ အသက်ရှင်နေရတာ မျိုး။
အဆုတ်ကြောင့် အောက်ဆီဂျင် ပေါ်ပေါက်လာတာမျိုး ။
မြေဆီလွှာဟာ သစ်ပင်ကြောင့် အသက်ရှိနေသလိုမျိုး။
 . . .
သေခြင်း နဲ့ ရှင်ခြင်း အကြားမှာ
ခေါင်းစီးကြိုး ရောင်စုံလေးတွေ ဖူးပွင့်နေကြပြန်တယ်။

ငါ ဟာ လည်း ရေတွင်းပျက်ထဲက
ရေငတ် နေ တဲ့ ရေ၊
ရေငတ် မပြေ တဲ့ ရေ၊
ရေငတ် စေ တဲ့ ရေ၊
ရေငတ် သေ တဲ့ ရေ၊

မနက်ပိုင်းဆိုတော့ ညနေ ရောက်ဖို့
တော်တော် လိုသေးတာလား ကိုကို ။

အမွှေးအမျှင်ဖြစ်သွားတဲ့ လျှပ်စစ် ဓါတ်တွေဆီကနေ
အဆီထုတ်ယူရတာ
ပိုက်ဆံမရဘူး။

သောက်ရူး ရာဇ၀င် မှာတော့
ဆင်းရဲခြင်း ထွက်ပေါက်ဟာ
ဝင်ပေါက် နဲ့ သိပ်မခြားခဲ့ဘူး။

ဘယ်မှာလဲ နို့ဆီခွက်၊
ဘယ်မှာလဲ လိုတရ နှုတ်ခမ်း၊
ဘယ်မှာလဲ စစ်မဖြစ်ဖူးတဲ့ အိမ်သာ၊
ဘယ်မှာလဲ မသေတတ်တဲ့ မြေဆီလွှာ၊
ဘယ်မှာလဲ ရေမငတ်ဖူးတဲ့ မိုးတိမ်၊


ပုဂံ မှာ နေ၀င်တာ တအားလှသလောက်
ပုဂံ ဟာ နေ၀င်တာ တအားမလှခဲ့ဘူး။

ဆိုပါစို့၊

နေကြာစေ့ တွေထဲမှာ
ဘာမှ ပါမလာတော့တဲ့ တစ်နေ့
ရှိတယ်ပဲ ဆို
ကြ
ပါစို့။

ထို
ငါ အား
 တရုတ်ပြေးမင်း ဟူ၍
ဘ၀စဉ်ဆက်တိုင်း ခေါ်တွင်စေ

လို့ ကျိန်စာ သင့်ခဲ့တယ်ပဲ ဆိုကြ
ပါစို့။

ဟားထားဟားထားဟားထားဟားထားဟားထား

သူ့ ရယ်သံရဲ့
ပဲ့တင်သံဟာ သူ့ရယ်သံ မဟုတ်လို့တဲ့
ဆေးရုံ အတင်းခေါ်သွားကြတယ်။

ဟားထား
ဦးပေါ့ ။

လူတိုင်းမွေးကတည်းက
ခေါင်းထဲမှာ
ကျည် တစ်တောင့်ဆီ နဲ့
ငရဲပြည် တစ်ခုဆီပါတယ်။
နတ်ပြည်က ကိုယ့်ဟာကိုယ် တည်ဆောက်ရမှာ၊
ကျည်မထွက်သေးသ၍
ဘ၀ ရဲ့ အဓိပ္ပာယ် ဟာ ဦးနှောက်ထဲမှာ  . . .
ပေါချာချာရှိနေဦးမှာ
ပေါ့။

ဘာမရှိတဲ့ အတွေး
နဲ့ သေခြင်းဟာ
ငါ့ ဖုန်း ထဲမှာ အမြဲ ရှိနေတယ်။

  ငါ့ ဖုန်း ပျောက်သွားတုန်းက
ပျူခေတ်က ဆပ်ပြာပူဖောင်းတွေ
အကြောင်း
ခင်ဗျားတို့လိုပဲ တပ်မက်ကြည့်ခဲ့ဖူးတယ်။

လမ်းမတော်က
ခိုတွေ
ဟာ ဓါတ်ကြိုးတွေပေါ်မှာ
သေနေကြတယ် ။

ဟုတ်တယ် ။
လမ်းမတော်က
တိုက်အ၀ါရောင်ဟောင်းဟောင်းကြားထဲမှာ
နတ်ကျား
တစ်ကောင် ပုန်းနေတယ်။

ဘီလူး သတ္တ၀ါ
ရဲ့ ဖြစ်တည်မှု ထဲက
ပျဉ်ပြားချပ်တွေ ။

တရာဖျားမင်း ရူးသွားတဲ့
အကြောင်း ကို
ငါ အသည်းမခိုက်တော့ဘူး။

ရောင်စုံ ဓါတ်ငွေ့တိမ်တိုက်ကြီးထဲက
ဖန်ဆင်းရှင် ရေ၊
နတ်သမီး နဲ့ အာဏာရှင် မရှိတဲ့ ကမ္ဘာ
ကို ပုံပြင်ထဲက ဆွဲထုတ်လိုက်ပါ။
ဟိုး ဟိုး . . တောင်တန်းတွေဆီမှာ
သဘာဝ သယံဇာတ အမြတ်ထုတ်မှု ၊
အစိမ်းသေ သရဲတွေ
 နဲ့
နတ်ဘုံ နတ်နန်းတွေ
ရှိတယ်။

ငါ့ ဘ၀ ကို ဘယ်သူ တီထွင် ထားတာလဲ ။
လမ်းမတော် က ခိုတွေရဲ့
အလောင်းတွေကို
ခိုစက်ရုပ်တွေဟာ အလုအယက်
   စားသောက်နေကြတဲ့ ဖြစ်စဉ်ကို
ဘယ်သူတီထွင်သွားတာလဲ

မိုးခေါင်ရေရှားရပ်ဝန်း ကနေ
ရေကြီးတဲ့ သတင်းတွေ နားဆင်ရရင်း
ရေဆာလာရင်း

ခွေးလေခွေးလွင့်မှန်သမျှ
အကိုက်ခံရရင်း

ဆောက်တည်ထားရသမျှ
ပြိုကွဲခံရရင်း

ဘဝ ကို လှမ်းလှမ်း ဟား
ထား
ရတယ် ။

စက္ကူပေါ်က သွားပွတ်တံ နဲ့ ရေးထားတဲ့
စာတွေ၊
ခေတ်ကြီးတစ်ခေတ်  . . . လုံးရဲ့ အနာဂတ်
ဘက်ထရီ ကုန်သွားလို့ ဘယ်သူမှ
မသိတော့ဘူး။


ချစ်ခြင်းမေတ္တာကြောင့်
မတ်လာတဲ့ မွှေးညှင်းတွေ
ထလာတဲ့ ကြက်သီးတွေ
နောက်ပြီး ....
မမြဲ တဲ့ အရာ လည်း
ခိုးကူးစာမိပြီး အလှူခံမဏ္ဍပ်တွေမှာ
နယ်လှည့်ဖျော်ဖြေနေရတော့

ငါ စလိုးမိုးရှင်း နဲ့ ထိုင်ကန်တော့တယ်

အဲဒါ သံမဏိတီကောင်နဲ့
ငါထိုင်မျှားနေတဲ့
ရေတွင်းပျက်ထဲ က စက်ရုပ်ငါးတွေ ။ ။

ငါ့တခြားတစ်ခြမ်းကို
ထောပတ်သုတ်ပြီး
လူရိုင်းတွေ ကို ကပ်တယ်
အန်ကြ
ငါ့ကျန်နေတဲ့ တစ်ခြမ်းကို
ငါ့ ဟာ ငါ စားပစ်တယ်
အန်ကြလေ
အန်ကြ

ဟောပြောပွဲမှာ
အန်ထွက်ကြတယ်
ညစ်ညမ်းတဲ့ စာသားတွေ
ဟာ နံရံတွေ ကွဲအက်ပြီး ယိုစိမ့်ထွက်လာတယ် ။
လူတွေ အလုအယာက် နံရံတွေကို ပြေးယက်ကြ။
ပြီးတော့ အန်ကြ

စီဒီ တစ်ခုက ငါနဲ့ အတူလိုက်မကရင် အကုန်သောက်ပေါ ဆိုတဲ့ သဘောပြော
စီဒီတစ်ခု က မေတ္တာတရားဖြင့်သာ အောင်နိုင်ရာ လို့ ပြော

နောက်စီဒီ က စီဒီ ခေတ် ကုန်ပြီလို့ပြော

အားလုံးလူကလုပ်တာ
လူတွေမလုပ်တဲ့ ကိစ္စတောင် လူတွေက လုပ်တာ

အန်ပစ်ကြ ။။

ဒါပေမယ့် ထုံးစံတွေအတိုင်း
ပါးစပ်ရာဇဝင်တွေထဲမှာတော့
ရေမရှိတဲ့ချောင်းထဲမှာ
ငါရော ငါ့ခန္ဓာကိုယ်ပါ မပါပဲ ငါဟာတဲ့
နစ်သေသွားတယ် တဲ့

ကြာပါတယ်
ကြာတော့ ပါးစပ်ရာဇဝင်တွေဟာ
ကောလဟာလ ထပ်ဖြစ်
ငါသေတုန်းက ငါ့အလောင်းကို
တစ်ဝက်တောင်ပြန်မရလိုက်ကြပါဘူး
ကြောက်လန့်တကြား ထပြေးကြတဲ့
လူအုပ်ကြီးထဲက လူတိုင်းရဲ့ဖိနပ်တွေမှာ
ငါ့အလောင်းတစ်ဝက်ကျော်ဟာ
နည်းနည်းစီ ကပ်ပါသွားတာ

ငါ အကုန်မျိုချလိုက်ရတာပါပဲ ။

မတော်တဆ တူးဖော်မိတဲ့
ရှေးဟောင်းဘာသာရေး တစ်ခုကို
တမင်ကြီး မှီးတယ်
ဆီလျော်အောင်လုပ်တယ်
Upgrade မြှင့်ပစ်တယ်

ကမန်းကတန်းပစ်ချလိုက်တယ်
ထင်ရတဲ့ မိုးကြိုးဟာ
ငါ့မျက်ရည်တွေကို လာမှန်တယ်
မိုးရေတွေထဲမှာ
အကြာကြီးတွေနေမှ
ထ လက် တဲ့ လျှပ်စီးရောင်ကို
စောင့်ပြီး
ငါ ဆယ်ဖီ ရိုက်တယ်

ငါ့မျက်လုံးထဲက
ဝါဒဖြန့်ခံထိထားတဲ့
ဝမ်းနည်းစဖွယ် မိုးကြိုးတွေ ။

နဲ့

ရှင် တထိုင်ထဲ ထိုင်ပြောသွားတဲ့
ကျမ တို့နဲ့
ဘဝပေါင်း ကုဋေအကွာက
အနယ်နယ်အရပ်ရပ်ရဲ့
ငြိမ်းချမ်းရေးတွေ
ရေတွင်းပျက်ထဲ က ရေ ဟာ
အပြင်မှ တကယ်
မရှိ ဘူး ၊
ဒါပေမယ့် ငြိမ်သက်နေတယ်။
အပြင်မှာ တကယ်
မရှိတဲ့ အရာဟာ ငြိမ်သက်လို့ ရသလားဆိုတဲ့
အမေး ဟာ ရပ်တန့်သွားပြီး၊
အဓိပ္ပါယ်
မသွပ်သွင်းရသေးတဲ့
ဆပ်ပြာပူပေါင်းတွေထဲမှာ
စဖြစ်တည်လာတဲ့
ပါဝါ ။

ဇာတိ ± လင်းနီညို



Thursday, July 9, 2015

ကင်​ဆာ

သေသွားဖို့ လေးလလောက်တောင် ကြာလား ၊၊ အခု အသက်ရှုရတာ ပျော်ဖို့ မကောင်းတော့ဘူး ၊၊ သူတို့ ပြောလို့သာ ငါ့ခန္ဓာကိုယ်ထဲ သွေးတွေ ရှိနေမှန်း သိရတာ ၊၊ ငါမယုံဘူး ၊၊ ဘာလို့ငါဟာ နောက်ထပ် သွေးတွေ သွေးတွေ လိုအပ် နေ ၊၊ ရုပ်ရှင်တွေထဲကလိုတော့ ငါဟာ သွေးစုပ်ဖုတ်ကောင်မို့လို့လား မေးဖို့ ဆန္ဒမရှိဘူး၊၊ ဝတ္ထုတွေထဲကလို ဆိုပြီး မသုံးခဲ့တာ ငါဟာ ဝတ္ထုဖတ်ဖို့ ဆန္ဒမရှိခဲ့လို့ ၊၊ ရှိနေတဲ့ ဆန္ဒကတော့ ငါ မိန်းကလေးတစ်ယောက်ရဲ့ မျက်တောင်မွှေးလေးတွေကို သတိလက်လွတ် ငေးကြည့်ချင်တာပါပဲ ၊၊ သတိလက်လွတ် ဆိုတာ အချိန်ဘယ်လောက် ကြာမှာလဲ ငါလဲ မသိဘူး အေမီသန့် ၊၊ အဲ့ဒီအခိုက်အတန့်လေး အတွက် ငါ့ဘဝ ရဲ့ တစ်ခုတည်းသော ဆန္ဒက တန်လား ဆိုတော့ အဲ့ဒါကိုလဲ ငါမသိပါဘူး ၊၊ သူ့နာမည်ကို ငါ ရေရွတ်တဲ့အခါ ငါ့အသံတွေ ဘာလို့ တိမ်ဝင်သွားသလဲ ငါ မသိသလိုပေါ့ ၊၊ စိတ်ပျက်ပါတယ် ၊၊ စိတ်ပျက်လက်ပျက် ဖြစ်သွားတဲ့အခါ ခေါင်းကုတ်ဖို့တောင် ငါ့မှာ ဆံပင်တွေ ရှိသေးလား ၊၊ ငါ့မှာ လက်တွေ ရှိသေးလား ၊၊ စီးကရက် တစ်လိပ်လောက် ဖွာရှိုက်လိုက်ဖို့ ငါ့မှာ နှုတ်ခမ်းတွေ ရှိသေးလား ၊၊ သေချာတာက ငါ့မှာ အသံတွေ မရှိတော့ဘူး ထင်တာပါပဲ ၊၊ နင့်ကို သတိရတဲ့အခါ နဲ့ သူ့ကို တွေ့ချင်တဲ့အခါ ၊၊ ဖျတ်ခနဲ ဖျတ်ခနဲ ဖြတ်သွားတဲ့ ဖြတ်သွားတဲ့ သီချင်းတိုင်းမှာ ရေဒီယိုလေးတစ်လုံးကို တွေ့တယ် ၊၊ သနပ်ခါး လူးထားတဲ့ နှင်းဆီပန်း လေးတွေ ၊၊ လမ်းမီးတိုင်တွေမှာ အလင်းရောင်မတွေ့လို့ သေသွားတဲ့ ပိုးဖလံတွေ ၊၊ သူတောင်းစားငယ်လေး တစ်ယောက်ရဲ့ ဟမ်ဘာဂါ အိပ်မက် ၊၊ ဆေးပေါ့လိပ်မီးခိုးငွေ့တွေရဲ့ အနှေးပြကွက်ဟာ အရမ်း အနုပညာဆန်တယ်၊၊ သူတို့ဟာ ဘာကိုမှ ဆိုးရွားစွာ မထိခိုက်နေသလိုပေါ့ ၊၊ အနုပညာဆိုတာ ဘာမို့လို့လဲ ဆိုတဲ့ မေးခွန်း နင်ရောသူရော ဘာလို့ မေးကြတာလဲ ငါနားမလည်ဘူး ၊၊ နင်တို့ အနုပညာကို နားမလည်သလိုမျိုး နားမလည်ဘူး ၊၊ ဒါပေမယ့် ငါ့နားထဲ ရောက်လာတဲ့အသံတိုင်းကိုတော့ ငါချစ်တယ် ၊၊ နားထောင်ကြည့် ၊၊ အဲ့ဒီ ပန်းခြံလေးဟာ လူစည်ကားနေသေးလား ၊၊ အဲ့ဒီ ရေတံခွန်လေးဟာ စီးဆင်းနေသေးလား ၊၊ အဲ့ဒီ င်္သချိုင်းကုန်းလေး ဟာ ရှုပ်ထွေးတိတ်ဆိတ်နေသေးလား ၊၊ အဲ့ဒီ ဘတ်(စ်)ကားလေးဟာ လူပြည့်နေသေးလား ၊၊ အဲ့ဒီ ရုပ်ရှင်ရုံလေးဟာ ရယ်ကြမောကြ ဖြစ်နေသေးလား ၊၊ အဲ့ဒီ ကားမှတ်တိုင်လေးဟာ ၊၊ လာမယ့် လေးလ အတွင်း ငါသူ့ကို ကားမှတ်တိုင်လေးမှာ ပြန်တွေ့ရင်ကောင်းမယ်နော် ၊၊ အင်းကောင်းမယ်ထင်တယ် ၊၊ နောက်ကြောင်းပြန်တဲ့ အဖြူအမည်းဇာတ်ဝင်ခန်းတွေ တစ်မိနစ်စာတောင် မရှိဘူး ၊၊ ငါ့မျက်လုံးတွေ ပြာလာတယ်၊၊ နီလာတယ် ၊၊ စိမ်းလာတယ် ၊၊ ခုနက သီချင်း ၊၊ ခုနက ရေဒီယို ၊၊ ခုနက သနပ်ခါး ၊၊ ခုနက နှင်းဆီပန်း ၊၊ ခုနက လမ်းမီးတိုင် ၊၊ ခုနက အလင်းရောင် ၊၊ ခုနက ပိုးဖလံ ၊၊ ခုနက သူတောင်းစားငယ် ၊၊ ခုနက ဟမ်ဘာဂါ ၊၊ ခုနက အိပ်မက် ၊၊ ငါ့မှာ အသံတွေ တောင် မရှိတော့ ဘူး ၊၊ ဒါပေမယ့် နင် အသံတွေကို ချစ်ပါ အေမီသန့် ၊၊ 

ငါ့မျက်လုံးတွေထဲမှာ 
…. ………..လေး…………… 
…………လ…………….. 
………….ခန့်……………. 
………….ကြာ…………… 
………..သော်……………၊၊   ၊၊ 

ဇာတိ
 ညွှန်း - Kill Paradise - Katie and I

ငါ့ဇာတ်ကောင်ကို ဘယ်သူသတ်သွားသလဲ (၃)


ရှင် တစ်ခုခုကို ခံစားရတာတွေ ရှိလာရင်ကောင်းကင်ကြီးကို ငေးငေးကြည့်နေစမ်းပါ ၊၊အဲ့ဒီမှာ အစိမ်းရောင်တိမ်တွေ ရှိလေ့ရှိတယ် ၊၊အကယ်၍ ရှင်နဲ့ မကြုံဆုံဖြစ်သေးရင်တောင်မှမျှော်လင့်ချက်အေးအေးထားပြီး စောင့်ကြည့်ပေါ့ ၊၊ကျွန်မတော့ အဲ့ဒါကိုရှင်မယုံကြည်တဲ့ ကောင်းကင်ဘုံလို့ ထင်တာပဲ ၊၊ ကျွန်မအနေနဲ့ ကောင်းကင်ဘုံ ကို အရူးအမူးဖြစ်တတ်တာ ရှင်သတိတရ သိနေမှာပဲလို့ခန့်မှန်းမိနေတယ် ၊၊ ဒါပေမယ့် ကျွန်မ ဘယ်လိုမှမခံစားရဘူး ၊၊ ပိုက်ဆံဆိုတာ မရှိရင်တော့ ခံစားနေရတဲ့မိန်းမ လို့ ရှင့်ကဗျာတွေထဲ ထည့်ရေးပေါ့ ၊၊ ကျွန်မဘက်ကခွင့်ပြုလက်ခံပေးလို့ ရပါတယ် ၊၊ အမှန်တရားဘက်မှာ အခါးဓာတ်ပိုတယ်တို့ ဘာတို့တော့ ကျွန်မစဉ်းစားပြောကြားတတ်ပါတယ် ၊၊ရှင်ဟာ တဆိတ်တော့ ရှင်လိုက်နာသုံးစွဲနေတဲ့ခံစားချက်ဆိုတာကြီးကို ဘိုးတင်လွန်းတယ် ၊၊ ထားပါတော့ ၊၊ရှင့် ရဲ့ ခံစားချက်တွေကို တစ်ယောက်ယောက် ယုံကြည်စေချင်တဲ့ဆန္ဒရှိလာတိုင်း ကျွန်မကို ပြောကြားနိုင်ပါတယ် ၊၊ ကျွန်မမှာ ရှင့်အတွက် စိတ်ပြေလက်ပျောက်ဆိုတဲ့ အသုံးအနှုန်းမျိုးတွေရှိနေပါတယ် ၊၊ ပြီးတော့ ရှင့်ခံစားမှုကြီးကို လူတစ်ဖက်သားကသိရှိခံစားနားလည်ပေးတဲ့အခါ ရှင်ကျေနပ်မှုကို ရရှိမယ်ဆိုရင်ဝမ်းသာပေးသင့်ပေမယ့် ကျွန်မဟာ ဘယ်လိုမှ ခံစားရမှာမဟုတ်ဘူး ၊၊ ရှင် ကျွန်မကို နာကျည်းပါ ၊၊ ရှင့်ရဲ့ ခံစားမှု အရင့်အမာကြီးနဲ့နှင်းဆီ၂ပွင့်ပူးတွေ တွေ့တဲ့အခါ ရှင် ခံစား ၊၊ ဝက်ဝံအရုပ်တွေ ဈေးနှုန်းတက်သွားတဲ့အခါ ရှင် ခံစား ၊၊ ကျွန်မ နာမည်ပေးထားတဲ့ ရှင့်ရဲ့ Password ကိုရိုက်ထည့်တိုင်း ရှင် ခံစား ၊၊ အံစာတုံးခေါက်မိတဲ့အခါ အပွင့်ကြီးကြီးကျတိုင်းရှင် ခံစား ၊၊ အဆွေးသင့် ရုပ်ရှင်တွေကြည့် မိုးရွာတဲ့အခန်းတွေ ပါလာတဲ့အခါတိုင်းရှင် ခံ စား ၊၊ အို! အချိန်ရတိုင်း ရှင်ခံစားနေမယ့် အစား ကျွန်မ ကို နာကျည်းဖို့ ရှင့်ကိုယ်ရှင်မစွမ်းဆောင်နိုင်တာ ရှင်ဟာ ဘယ်လို ယောင်္ကျားလဲ ၊၊ရှင် ကျွန်မ ကို နာကျည်းပါ ၊၊ သိပ်ကို ခံစားလိုစိတ် ရှိနေရင်လည်း ခံစားပါ ၊၊ နောက်ပြီး ရှင်သိသင့်တယ်ထင်တဲ့ကိစ္စတစ်ခုဟာ ကျွန်မ ဟာ ရှင်ပြောတဲ့ နှင်းဝင့်ရည် မဟုတ်ဘူး ၊၊ရှင် ကျွန်မ ကို ဖုန်းမှားဆက်နေတာ ၂နှစ်ကျော်ရှိပြီ ၊၊ ဒါပေမယ့် ရှင် တစ်ခုခုကို ခံစားရတာတွေ ရှိလာရင်ကောင်းကင်ကြီးကို ငေးငေးကြည့်နေစမ်းပါ ၊၊ အဲ့ ဒီ မှာ . . . . . . ၊၊ ၊၊

ဇာတိ
၂ဝ၁၁

ငါ့ဇာတ်ကောင်ကို ဘယ်သူသတ်သွားသလဲ (၅)



ငါးနှစ်လောက်နေတော့
အဲ့ဒီ ဖိတ်စာကလေးကို ဖျတ်ခနဲ ပြန်တွေ့တယ် ၊၊
            -မင်းသမီးဖူးငုံ နှင့် ဒေါက်တာ ရဲကျော်ကျော်ထူး-
ငြိမ်းချမ်းရေး ချိုးဖြူငှက်ကလေး ကျနော့်ပုခုံးပေါ်က
ဖျတ်ခနဲ ထ ပျံအသွားမှာ ကျနော် အဲ့ဒီဒေါက်တာကို
သေနတ်နဲ့ တစ်ချက်ချင်း တစ်ချက်ပြီး ပစ်လိုက်မိပေမယ့်
ကျည်ဆန်တွေဟာ မမဖူးငုံ ဖြစ်သွားပြီး
အဲ့ဒီဒေါက်တာကို အားကိုးတကြီး ဖက်ဖက်ထားတာကိုပဲ မြင်ရတော့
ကျနော်ရှက်လန့်ပြီး မိုးပေါ်သေနတ် နဲ့ ထောင်ပစ်အမိမှာ
ငါးနှစ်လုံးရွာနေတဲ့ မိုးတွေ သေသွားတယ် ၊၊
မမဖူးငုံ ရက်စက်တယ်
လို့
သူတို့ မသေခင်ကလေးမှာ ရအောင်အော်ပြောသွားကြတယ်၊၊
လျှပ်စီးဟာ ဆောက်တည်ရာမဲ့ ၊ အော်ဟစ် ပြေးလွှား ၊ နေတာပေါ့မမဖူးငုံ ၊၊
မမဖူးငုံသာရှိနေရင် ကျနော့်မျက်လုံးနဲ့ဝေးရာဆီ မျက်ရည်တွေထွက်သွားကြတာပါ
လို့
ဆင်ခြေပေးတဲ့အမူအရာ ကို သွေးရူးသွေးတန်းနဲ့ ကျနော်လုပ်မိနေမှာပါ
လို့လည်း ၊၊ ကျနော် မိုးရေ အသေ တွေ ထဲ မှာ ၊၊ မမဖူးငုံ၊၊
ရှုံးနိမ့်မှုအပေါ် ဘယ်အရောင်နဲ့ ပြသရမလဲ မမဖူးငုံ ၊၊
အဲ့ဒီအတိုင်း
သီချင်းတစ်ပုဒ် ၊ နှစ်ယောက်ထိုင်ခုံ ၊ ဖိတ်စာပေါ်က စာသား
ခိုးခိုးခစ်ခစ်ရယ်သံ ၊ နှုတ်ခမ်းနီခဲတံ ၊ ရေခဲမုန့်နှစ်ဇွန်း၊ ကင်မရာကထွက်လာတဲ့မီးရောင်
အပေါစားဂျာနယ် ၊ ငြိမ်းချမ်းရေးကို အထောက်အပံ့ပေးချင်တဲ့ကျည်ဆန်
ဒါမှမဟုတ် နှုတ်ခမ်းချင်းယှဉ်ခုတ်လိုက်တဲ့ မင်္ဂလာပွဲဇာတ်သိမ်းပိုင်း
အဲ့ဒီအတိုင်း နောက်ထပ် သီချင်းတစ်ပုဒ် ၊၊ တို့ အပေါ် ကျနော်ထ ထ အလေးပြုခဲ့ရတဲ့
ဖြတ်လျှောက်အလံဖြူတစ်လက် ပါ မမဖူးငုံ ၊၊
မမဖူးငုံ ဘာလို့ လူစားမထိုးပဲ အဲ့ဒီမင်္ဂလာဆောင်ကို ကျင်းပခဲ့တာလဲ၊၊
ဘာလို့ ဒဏ်ရာထက်အမာရွတ်ကလေးက ပိုနာနေရတာလဲ မမဖူးငုံ
လို့
ငါးနှစ်လောက်နေတော့
အဲ့ဒီစာသားလေးကို ကျနော်ဖျတ်ခနဲ ထပ်ပြောမိတယ် ၊၊
ကျနော် ကိုမာ တွေထဲက ဘယ်လိုအိပ်မက်ဆိုးမျိုးနဲ့မှ
လန့်နိုးလို့ မရနိုင်ဘူး ဖြစ်ဖြစ်နေတယ် မမဖူးငုံ၊၊
မမဖူးငုံ သာရှိနေရင် မင်းဘာလို့ ဒဏ်ရာတွေနဲ့လျှောက်အရောဝင်နေရတာလဲ
လို့
မမဖူးငုံ ခဏခဏသရုပ်ဆောင်ပြီးပြောမှာပဲ
လို့လည်း ၊၊ ကျနော် အစိမ်းရှင် (ခေါ်) ကိုမာ ထဲ မှာ ၊၊ မမဖူးငုံ၊၊
အဲ့ဒီအတိုင်း
မျက်ရည်တို့ဟာ ကျနော့်နားထဲစီးဝင်ကျလာပြီး
သီချင်းတစ်ပုဒ်ကို ဆို နေ တယ် လို့ ကျနော်ခံစားရတဲ့အခါ
ကျနော့်ကို ခွင့်လွှတ်ပါ ၊၊ မမဖူးငုံ
ဘာလို့ အရှိအတိုင်းဟာ အမာရွတ်ကလေးလောက် မလှပ ရတာလဲ လို့
ကျနော်မေးမိမြန်းမိတဲ့အခါတွေမှာပေါ့ ၊၊
ကျနော်ပြန်လာတဲ့အခါ
မမဖူးငုံရဲ့ရင်သွေးကလေးနဲ့မျက်လုံးချင်းဆုံမိမယ့်အခါ
ကျနော်ကလေးတစ်ယောက်ကို ထပ်မံရှုံးနိမ့်ရင်မဆိုင်ရဲတဲ့အခါ
အဲ့ဒီဒေါက်တာဟာ ခင်ဗျား ကိုမာ သက်သာလားလို့ မေးတဲ့အခါ
မင်းပိန်သွားတယ်နော် လို့ပဲ ပြောနိုင်မယ့် မမဖူးငုံစကားကိုကြားတဲ့အခါ
ကျနော့်အမာရွတ်အပေါ် မမဖူးငုံ လက်မှတ်လာထိုးပေးမယ့်အခါ
မီးညှိကာစ ဆေးပေါ့လိပ်ကလေးကို ခြေထောက်နဲ့ဖိနင်းပြီးကာမှကျနော် နှမျောတသ သွားတဲ့အခါ
မမဖူးငုံတို့ မိသားစုကို ကျောခိုင်းနှုတ်ဆက်ခဲ့ဖို့ အင်အားဘယ်ကရမယ်မှန်းမသိတဲ့အခါ
မိုးရေတွေအသက်ပြန်ရှင်လာပြီး ကျနော်မိုးသည်းထဲရောက်သွားတဲ့အခါ
အဲ့ဒီအတိုင်း ဇာတ်ညွှန်းဟာ ကျနော့်အရိုးပြာနဲ့ ရေးသားမယ့်အခါ
ကျနော် ပြန်မလာတဲ့ အခါ မှာပါ
ကျနော့်ကို သရုပ်မဆောင်တဲ့ အမူအရာနဲ့ ခွင့်လွှတ်ပါ မမဖူးငုံ၊၊
ဒါမှမဟုတ်
ကျနော် ကိုမာတွေခေါ်တဲ့နောက်ကို အပြီးလိုက်သွားတဲ့အခါဆိုရင်ရော
ကျနော့်ကို ခွင့်လွှတ်မယ် မဟုတ်လား မမဖူးငုံ ၊၊

အဲ့ဒီအဖြစ်အပျက်ကလေးကို သိမ်းထားပါ
ဒါပေမယ့်
သိမ်းထားတယ်ဆိုတာကိုတော့ မေ့ပစ်လိုက်ရမယ်နော် လို့
မမ ကို ကတိပေးပါ၊၊
ငါးနှစ်လောက်နေတော့
ကျွန်မ မျက်လုံးထဲက စီးကျလာတယ်
ရှင့်ရဲ့အရိုးပြာတွေ ၊၊   ၊၊

ဇာတိ
၂ဝ၁၄

Wednesday, July 8, 2015

ငါ့ဇာတ်ကောင်ကို ဘယ်သူသတ်သွားသလဲ (၆)



မျက်လုံး ဖွင့်မိမိချင်းဒါဟာ အိပ်မက်ပဲလို့ ကျွန်မယုံနေမိတယ်ပြီးတော့ကျွန်မ တစ်ခုခုကို ၀မ်းနည်းနေတယ်ဒါမှမဟုတ် တစ်ခုခုက ကျွန်မကို ၀မ်းနည်းနေစေတာအဝေးကအရာများဟာ ကျွန်မနဲ့ဝေးရာကပို၍ဝေးရာဆီထွက်သွားကြတယ်လို့                     တစ်ခုခုဟာ(သက်တံ့ဟာ ညကြီးမင်းကြီးလည်း အဝေးမှာလှနေတယ်လို့ နည်းတူ) ကျွန်မ ယုံမိလာအောင် တိုက်တွန်းနေတယ်အဲဒီတတောက်လျှောက်လုံး လှလာတဲ့လရောင်ဟာ                     ကျွန်မဆီအရောက်မှာမှ မှောင်သွားတယ်ဆိုပြီး    တစ်ခုခုဟာ ကျွန်မကို ခံစားစေတယ်တစ်ခုခုဆီက လွင့်လာတဲ့အသံဟာအက်ကွဲနေပြီးတော့အဲဒါဟာလည်း ကျွန်မနားထဲမှာမှပိုမို အက်ကွဲသွားတဲ့အခါကျွန်မ တစ်ခုခုကို ပိုမိုဝမ်းနည်းစေတယ်ဒါပေမဲ့    မျက်လုံးဖွင့်မိမိချင်းမှာ    ဒါဟာ အိပ်မက်ပါပဲလို့ ကျွန်မ ယုံကိုယုံနေတာ    မပန်ဖြစ်တော့သော နှင်းဆီများ လွတ်မြောက်ပါစေ    ဒါမှမဟုတ်    ထိုဆံနွယ်များ လွတ်မြောက်ပါစေ            ဆိုပြီး    တဆက်တည်းမှာ    ဘုရားတစ်ခုခုဆီ ကျွန်မ ဆုတောင်းနေမိတယ်    ပြီးတော့    ကျွန်မ မကြားဝံ့မနာသာ ၀မ်းနည်းနေတာ            သေချာတယ်    အဲဒီနောက်ပိုင်းတွေမှာ    မြက်ခင်းတွေ ပြာလွင်နေတာကိုလည်း    တစ်ဖက်သက် ကျွန်မ ယုံနေမိတယ်            ဒါပေမဲ့လည်း    အဲဒီ နောက်ထပ် နောက်ပိုင်းတွေမှာ    ကျွန်မ ငေးကြည့်နေတဲ့        မြက်ခင်းအပြာပေါ်က လရောင်ဟာ    Projector ထဲက ထွက်ကျလာနေပြီး    မိန်းကလေးတစ်ယောက် အဲဒီမြက်ခင်းပြာလွင်တွေဆီကနေ    ကျောခိုင်းထွက်ပြေးသွားတဲ့အခါ    ကျွန်မ အဲဒီမိန်းကလေးရဲ့ နာမည်ကို            အလိုလို သိနေပြီး    အလိုလို တုံ့ပြန်အော်ခေါ်နေမိတဲ့ အခါမှာ    ကျွန်မ ထပ်ဝမ်းနည်းရတော့တာပဲ    ပြီးတော့        မျက်လုံးဖွင့်မိမိချင်းပဲ    ဒါဟာအိပ်မက်တစ်ခုပဲလို့ ယုံလိုက်မိတော့တယ်    ရင်ထဲက တစ်ယောက်ယောက်ဟာ    ဆယ်စက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့    ကျွန်မရင်ထဲက ထွက်သွားတယ်လို့    ဆယ်စက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့    ကျွန်မ ခံစားနေရတယ်    ဆယ့်ငါးစက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့        ကျွန်မ အော်ခေါ်တယ်    စက္ကန့်နှစ်ဆယ်ကို တစ်ကြိမ်နှုန်းနဲ့        ကျွန်မ တိတ်ဆိတ်တယ်    နှစ်ဆယ့်ငါးစက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့        ကျွန်မ ၀မ်းနည်းနေတယ်    တစ်ယောက်ယောက် တံခါးလာခေါက်အောင်    အဲဒီတံခါးကို ကျွန်မ ပိတ်ထားတာ    စက္ကန့်သုံးဆယ်ကို တစ်ကြိမ်နှုန်းနဲ့    စက္ကန့်သုံးဆယ်ကို ကျွန်မ မယုံဘူး    တကယ်တော့        မျက်လုံးဖွင့်မိမိချင်း    ဒါဟာ အိပ်မက်ပဲဆိုတဲ့ သံသယဟာ ပိုခိုင်မာလာတယ်    နှင်းဆီတွေရှိတုန်းက နှင်းဆီတွေရဲ့ နံရံမှာ    သွေးတွေရှိတုန်းက သွေးတွေနဲ့ ရေးခဲ့ဖူးတယ်    ရှင်ရှိတုန်းက ကျွန်မ နေကောင်းခဲ့ဖူးတယ်                လို့    ရေရွတ်မိတော့        ကျွန်မ ဖျားနေမှန်းသိလာတယ်လူနာ        - ကျွန်မ ဖျားနေတာ သေချာလားဆရာဝန်    - ခင်ဗျား ဘယ်တုန်းကမှ ဆေးမှန်မှန်မသောက်ဘူး ခင်ဗျားလက်တွေ့ဘ၀ကို
အိပ်မက်လို့ ထင်ထင်နေတာရယ်၊ ခင်ဗျားဟာ ယောက်ျားတစ်ယောက်ဖြစ်ပြီး၊
ခင်ဗျားကိုယ်ခင်ဗျား ခင်ဗျားနဲ့ပြတ်စဲပြီး အိမ်ထောင်ပြု  ပြီး ပြည်ပမှာအခြေချသွားတဲ့
ခင်ဗျားချစ်သူအမျိုးသမီးလို့ ထင်ထင်နေတာရယ်ကို မေ့ထားပြီး
ဆေးမှန်မှန်သောက်ရင် ခင်ဗျား အိမ်ပြန်ရမှာပါ။    ကျွန်မ ၀မ်းနည်းနေတုန်းပဲ    တစ်နေ့နေ့ မဖြစ်မနေ အိမ်တစ်လုံးဝယ်ဖြစ်အောင်ဝယ်မယ်    တစ်နေ့နေ့ မဖြစ်မနေ Home Sweet Home လို့    နာမည်ပေးဖြစ်အောင်ပေးမယ်    တစ်နေ့နေ့ မဖြစ်မနေ အိမ်ပြန်ဖြစ်အောင်ပြန်မယ်        မျက်လုံးဖွင့်မိမိချင်းပဲ            အိပ်မက်ရေ..။        ။

ဇာတိ
၂ဝ၁၄

ငါ့ဇာတ်ကောင်ကို ဘယ်သူ သတ်သွားသလဲ (၇)

သူနဲ့အတူ ငါ့ခန္ဓာကိုယ်ကို လိုက်လံ
ခုန်ချခိုင်းလိုက်မိတယ်
ဒါပေမယ့်
သူဟာ နှင်းဆီပဲ ၊၊ ၊၊
ငါ မမြင်နိုင်တဲ့အရောင်နဲ့ ပွင့်တော့
ငါ ဆုတ်ဖြဲလိုက်တယ် ၊၊
သေချာအောင် နားစွင့်လည်း
အဲ့ဒါ အော်သံကြီးတစ်ခု ပဲ ဖြစ်နေမှာ . . .
ကွယ်ရာတွေအများအပြားထဲက
ငါနေထိုင်ရာ ဟိုးရှေးရှေးတုန်းက ငါ့ ဒဏ်ရာ ၊၊ ၊၊
ဆောင်း ရေ . . . လို့ သင်ငါ့ကို
မှားယွင်း ခေါ်လိုက်မိသလား
နဲ့ အနီးအနားမှာ
သွေးဟာ အနာတရထဲ
ခုန်ဝင်သွားတယ် ၊၊ ၊၊
အဲ့ဒီနေ့တွေမှာ ချစ်ခြင်းမေတ္တာဟာ
ဖြစ်စဉ် ၊ အရေအတွက် ၊ တသသမေ့ဖျောက်ပစ်ထားတဲ့ မှတ်ဥာဏ်၊
စိတ်ခံစားမှုရဲ့ အလိုအလျောက် တုံ့ပြန်တဲ့ စနစ် ၊ အပျော်တမ်း ကျွန်
ဆိုတဲ့
ရှင့် ယုတ္တိဗေဒ အန်ဖက်တွေ ၊၊ ၊၊
သင်လည်း မှတ်မိရက်သားဖြစ်နေမှာပါ
သူ မေ့နေတဲ့ မိုးတိမ်တွေဟာ
သက်တမ်းကုန်ပြီးတော့
ရင်ထဲက ပိတ်ထားတဲ့ သီချင်းတစ်ပုဒ်ရဲ့
အထဲမှာ
ဆွေးမြေ့စွာထိုင်နေတဲ့ အနည်တွေ
အပေါ်
ရွာချလာတယ်
စောက် ထုံးစံအတိုင်းပဲ ၊၊ ၊၊

သင် စဉ်းစားကြည့်ပါ
ဒါပေမယ့်
စက္ကူလေတံခွန်လေးဟာ
ပြာ ဘဝ အထိ
ရောင်စုံမီးတောက်ကလေးကို
ဆက်
ချစ်နေမှာပဲ လို့ သင်
စဉ်းစားမိပြီးသားဖြစ်နေမှာပါ ၊၊
သင် ငြီး ငြူ စမ်းပါ
ဒါပေမယ့်
ခဏခဏ ထုတ်ကြည့်မိတဲ့
ဓာတ်ပုံကလေးဟာတောင်မှ
တစ်ပါးသူနဲ့ ခဏခဏ မင်္ဂလာဆောင်တယ်
ဆိုပြီး သင်
ငြီးငြူမိပြီးသား ဖြစ်နေမှာပါ ၊၊
သင် ဖြေသိမ့်ပါ
ဒါပေမယ့်
အထူးပြုလုပ်ချက်တွေ
မရှိတော့လည်း
ညနေဟာ လှပ နေမှာပဲ လို့
သင်ဖြေသိမ့်မိပြီးသား
သင့် ရဲ့ မျက်ကန်းမဲ့ပြုံး တွေ . . . ၊၊

ရှင်ရော
ကျွန်မ သွားရာနောက် လိုက်လံ
ဝမ်းနည်းနေသေးလား
အဲ့ဒါကတော့
ရှင့် ဟာ ရှင် ဒဏ်ရာဟောင်းကို
အသေခံ ဗုံးခွဲနေတဲ့ ကိစ္စပဲလေ
ရှင်ဟာ ဒဏ်ရာကို မျှော်လင့်နေတဲ့
သွေးထွက်သံယို မှု ၊
ရှင်ဟာ အသုဘကြို အသုဘကြားက
ဟီးဟီးဟားဟား ရယ်သံ ၊
ဝမ်း နည်း ပါ တယ် ရှင် ၊၊ ၊၊
နောက်ဆုံး ဆိုတဲ့ အချိန်တုန်းက
မဖြစ်သင့်ဘူး လို့ နင် ကျနော့်ကို ပြောခဲ့ဖူးပေမယ့်
ကျနော် နင့်ကိုလွမ်းတယ်
သက်ဆိုးရှည်တယ် ၊၊ ပြီးတော့ ၊၊ လမ်းမှန်သမျှတွေအပေါ်လျှောက်တယ်
ထိုင်ခုံမှန်သမျှအပေါ် ဝင်ထိုင်တယ် ၊၊ အဝေးက တိမ်တိုက်မှန်သမျှအပေါ်ငေးတယ်၊၊
လက်ချင်းတွဲထားသမျှတွေအပေါ် မျက်နှာလွှဲတယ် ၊၊
ပြီးတော့ ကျနော်တစ်ခုစဉ်းစားမိတယ် ၊၊ နင် ကျနော့်ကို နမ်းခဲ့ဖူးတယ်နော် ၊၊
ဒါပေမယ့် ကျနော်နဲ့နင် နောက်ကွယ်မှာ အဲ့ဒါကို အနမ်းလို့ ဘယ်သူမှ မသတ်မှတ်ခဲ့ကြဘူး လေ နော် ၊၊
ပြီးတော့ ၊၊ ဇာတ်သိမ်းခန်းမှာ တစ်ယောက်နဲ့တစ်ယောက်ဝေးသွားရတဲ့ ရုပ်ရှင်တွေမှန်သမျှအပေါ် ကြည့်တယ်၊၊
မြက်ခင်းမှန်သမျှအပေါ် လျှောက်ပြေးတယ် ၊၊ ကားမှတ်တိုင်မှန်သမျှအပေါ် ရပ်စောင့်တယ်၊၊
ငိုတယ် ၊၊
သက်ဆိုးရှည်တယ် ၊၊
နင့်ကို ကျနော် လွမ်းတယ် ၊၊

ကျနော်လေ ငရဲကို ယုံတယ်
နင် ဟာ ငရဲပဲ ၊၊
ဒါပေမယ့် ကျနော် င ရဲ ကိုမှ ချစ်နေမိတာ ၊၊
အသံတွေအားလုံးဟာ
အဝေးက နားရွက်ကလေးကိုမှ ခုံမင်တယ်
နာကျင်မှုဟာ အဲ့ဒီအသံတွေထဲ
ရွေးချယ်စီးဆင်းလို့ပေါ့ ၊၊ ၊၊  တွေဘာတွေဟာ
ကျနော် လျှောက်ပြောခဲ့သမျှ စောက်ပိုတွေပါ ၊၊

ပင့်ကူအိမ်တွေဟာ ကြာညောင်းခဲ့သမျှ နှစ်တွေကို ဖော်ပြဖို့
အဲ့ဒီတွေမှာ လျှောက်ငြိတွယ်နေခဲ့တယ်
မနက် ၁၂နာရီ ဟာ ပြီးခဲ့လေပြီးသော ည၁၁နာရီခွဲကို
လှမ်းပြီး Rape လုပ်တယ်၊၊
နောက် ပင့်ကူမျှင်တွေဟာ လိင်စိတ်ကြောင့် မာကျောလာတယ်၊၊
တို့ သိပ်ချစ်ခဲ့ကြတယ်
လို့ ချီးထိုင်ပါနေရင်း တွေးမိ ၊ ကြည်နူးမိ ၊ ပြုံးမိ
နောက် ဖင်ဆေးပြီးတာနဲ့ တပြိုင်နက် ကျနော် ဝမ်းနည်းမိ ၊၊
ရင်ထဲက စောက်ပိုတွေ လည်ချောင်းတလျှောက် ပျို့တက်လာတော့
တို့ သိပ်ချစ်ခဲ့ကြတာပဲ လို့ ပြန်တွေးမိပြီး ပြန်မျိုချမိ ၊၊
နောက် သပြေပန်းတွေ ကို ဘုရား မှတ်ပြီး ကျနော် ထိုင်ကန်တော့တယ် ၊၊
တို့ သိပ်ချစ်ခဲ့မိခဲ့ကြပါတယ် ၊ ဤမှန်သော စောက်ပိုစကားကြောင့်
ရင်ထဲက စောက်ပိုတွေ ချီးအဖြစ်နဲ့ အဝေးကို လွင့်မျောသွားပါစေသား ၊၊
(လို့ ချီးထိုင်ပါနေရင်း တွေးမိ ၊ ကြည်နူးမိ ၊ ပြုံးမိ)

သင့်ကို ဇာတ်လမ်းတစ်ခုပြောပြမယ်
ဟိုးရှေးရှေးတုန်းက ဇာတ်လမ်းကလေးထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်ရှိလာတယ်၊၊ ဇာတ်လမ်းကလေး ကို နှစ်ယောက်ပေါင်းပြီး တည်ဆောက်ကြမယ် လို့ တစ်ယောက်ကို တစ်ယောက် ကတိပေးကြတယ် ၊၊ တစ်ယောက်ကို တစ်ယောက် မကုန်နိုင်အောင် ချစ်ကြရင်း ဇာတ်လမ်းကလေးကိုပါ ချစ်လာကြတယ် ၊၊ ဒါပေမယ့် ရယ် နောက်တော့ ရယ်မှာ ကောင်မလေး ဟာ ကောင်လေးကို ထားခဲ့ဖို့ ဖြစ်လာတယ် ၊၊ အဲ့ဒီအတွက် ကောင်မလေး ဟာ ကောင်လေး ရယ် ဇာတ်လမ်းရယ် ကို ထားခဲ့တယ် ၊၊ ကောင်လေး ဟာ ရူးတတ် သွားတယ် ၊၊ ဖြစ်ချင်ရာ ဖြစ်သွားတယ် ၊၊ နောက်တော့ ဇာတ်လမ်းမှာကောင်လေး ပျောက်သွားတယ် ၊၊ ဇာတ်လမ်းဟာ တစ်ခုထဲ ကျန်ခဲ့တယ် ၊၊ နောက် ဇာတ်လမ်းက အိပ်မက် တစ်ခု မက်တယ် ၊၊

အိပ်မက်ထဲမှာ နင်ဟာ အထပ်၁ဝဝ လောက်ရှိတဲ့
တိုက်ခေါင်မိုးပေါ်ကနေ ခုန်ချသွားခဲ့တယ် ၊၊
(အိပ်မက်ထဲက) ကျ နော့် ရင် ထဲ မှာ တစ် ဆို့ နစ် မြုပ် ကျွံ ကျ ၊၊

အိပ်ယာကနိုးတော့
ကျနော် ဆောက်လက်စ တိုက်ကလေးကို
ပြီး .. အောင် .. ဆောက်တယ် ၊၊   ၊၊

ဇာတိ
၂ဝ၁၄